Genocide for EMU Users: Part-IV (Final)

မိုး‌ကောင်းကင်သည် ကတ္တီပါအနက်‌ရောင် ‌ပြောင်‌ပြောင်ကို ဖြန့်ခင်းထား သကဲ့သို့ မည်း‌မှောင်‌နေသည်။ ‌ကောင်းကင်သာ ကတ္တီပါဆို ကြယ်က‌လေးများမှာ အပ်‌ပေါက်ရာ သာဖြစ်သည်။ လမင်းကြီး၏ အရိပ်အ‌ရောင်ကို တစိုးတ‌စေ့ မှ မ‌တွေ့ ရ‌သော‌ကြောင့် မြန်မာပြက္ဒန်ကို မကြည့်ပြီး ယ‌နေ့ လဆုတ်၁၅ ရက်‌နေ့မှန်း သိသာ‌စေသည်။ ကြယ်က‌လေးများနည်းတူ မီးအားမပြည့်ဝ‌သော‌ကြောင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်‌နေ‌သော ဓာတ်တိုင်မှ မာကျူရီ မီးသီး‌လေးသည် ‌မြေပြင်ရှိ ဘစ်စကပ်‌ဘော ကွင်းကြီး၏ တစ်ခုတည်း‌သော အ‌ဖော်သာ ဖြစ်သည်။ မရည်ရွယ်ပဲ ‌ရောက်‌ရောက်လာ‌သော ဧည့်သည်များကာ ‌လေရူးနဲ ့အတူ ပါလာ‌သော ကျွတ်ကျွတ်အိပ် အမှိုက်များပင် ။ ဂို‌ထောင်‌ဟောင်းကြီးက‌တော့ ပတ်ဝန်ကျင်ကြီး တစ်ခုလုံး သူနဲ့မဆိုင်သလို ထီးထီးကြီး ‌နေ‌လေသည်။ သို့‌သော် သူ မဆိုင်ချင်‌သောလဲ ဆိုင်ချင်‌သော သူများ ‌ရောက်လာသည်။

“ရှပ်…..ရှပ်………ရှပ်”

လူတစ်စုသည် လက်ထဲရှိ ဖ‌ယောင်းတိုင်မီးများဖြင့် အ‌မှောင်ကို အံ့တုရင်း ‌ရောက်ရှိလာသည်။ ‌ခေါင်း‌ပေါ်တွင် နင်ဂျာဆန်ဆန်ခြုံထား‌သော ပဝါများ‌ကြောင့် ညအ‌မှောင်ထဲတွင် ပ‌ဟေဋ္ဌိ ဖြစ်‌စေသည်။ ‌ရှေ ့ဆုံးတွင် ‌ခေါင်း‌ဆောင်ဖြစ်ဟန်သူ‌သော လူတစ်‌ယောက်၏ အဝတ်အစားမှာ ထူးဆန်းသည်။ ဆံပင်ကို အ‌နောက်သို ့လှန်ကာ စုစီးထားသည်။ ပလပ်စတစ်ကြိုးကို လည်ပင်း‌တွေ တိုင်းဆွဲကာ အစွန်းနှစ်ဖက်တွင် ‌ဖော့ဖိနပ်များကို ချည်ထားသည်။ တခြားသူများကဲ့သို့ ပဝါမခြုံ‌သော်လည်း မျက်နှာကို တစ်ဝက်သိုင်းချည်းထားကာ နဖူးတွင် အဝတ်ကို ခပ်ထူထူပတ်ပြီး နားရွက်ကြားတွင် ယက်‌တောင် တစ်‌ချောင်းထိုးထားသည်။ မဂင်္လာ‌ဈေးမှ တစ်ရံ ၃၀၀ဝ ‌ထောင် တန်‌သော All Star ဖိနပ်ကြီးဖြင့် ခြုံကြိုးဖြင့်ဝတ်ရ‌သော ရှမ်း‌ဘောင်ဘီမျိုးကို ယခု‌ခေတ် Rapper အများအတိုင်း ‌ခြေတစ်ဖက်ကို ‌ခြေမျက်စိ တစ်ဝက်‌ကျော်‌ကျော်‌လောက်အထိ ‌ခေါက်ပြီးသိမ်းထားသည်။ သူ့ မျက်စိကို ‌သေချာကြည့်ရင် သိမ်ငယ်‌သောစိတ် နားကြည်း‌သောစိတ် သူတစ်ပါးအား မ‌ကောင်းကြံ‌သောစိတ်ဓာတ်များကို အတိုင်းသား ‌တွေ့နိုင်သည်။

ထိုသူတို့ ဂို‌ထောင်အပျက်ကြီးနား‌ရောက်ရှိ‌တော့မည် အချိန်တွင် အလားတူ ပုံဆန်မျိုး များ ဂို‌ထောင်အနီးမှ ‌ပေါ်ထွက်လာပါသည်။ ထိုသူကိုလဲ ကြည့်ပါဦး….. မျက်လုံးက ပြူးပြူး ဗိုက်က ပူပူ အရပ်ပုပု ထိုကြားထဲ ‌ဆေး‌ပေါ့လိပ် ကြိုက်လွန်း‌သော‌ကြောင့် နှုတ်ခမ်းများ မည်းတူး‌နေကာ ကြည့်ရအလွန်ဆို်းသည်။ ထိုသူကာ ဘယ်သူမှ မဟုတ်။ Vakok Forum တွင် GM‌ တွေ မ‌ကောင်း‌ကြောင်း‌ပြောလွန်သူ …. Complain အရမ်းတက်လွန်းသူ… ထို့အပြင် Pandora ၏ ‌မှောင်ခို EMU software ‌ဈေးကွက်ကို ဒုတိယ အများဆုံး လက်ဝါးကြီး အုပ်ထား‌သော် မ‌သေးမျှင် ဆိုသူပင်ဖြစ်သည်။ ‌လောင်ကုတ် အနက်‌ရောင်ကို ဝတ်ထားသည်။ လည်ပင်းတွင် မာဖလာပတ်ကာ ‌ခေါင်း‌ပေါ်တွင်တင်ထား‌သော အနက်‌ရောင် ဦးထုတ်‌လေးသည် သူ၏ ဆံပင်ရှည်‌တွေ‌ပေါ်တွင် အနည်းငယ်‌သေးတ‌ယောင်ရှိသည်။ လူ‌ကောင်ကြီးကြီး ဟိတ်ကြီးဟန်ကြီးဖြင့် အီတလီက မာဖီးယားဂိုဏ်း‌ခေါင်း‌ဆောင် God Father ‌တွေလို ပုံချိုး‌နေ‌သော်လဲ အရမ်း‌ကြောက်တတ်‌ကြောင်း အတွင်းလူ‌တွေဆီက သိထားသည်။

Continue reading

Genocide for EMU Users: Part III

ပတ်ဝန်းကျင်တစ်ခုလုံးလဲ ‌မှောင်မည်းကာ တိတ်ဆိတ်‌နေပါသည်။ မီးအားမညိမ်‌သော‌ကြောင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်‌နေ‌သော ဓါတ်တိုင်ရှိ မာကျူရီ မီး‌ရောင်‌အောက်တွင် ‌ခေါင်းသုံးလုံးရှိ‌သော အဖိုးအိုကဲ့သို ့ ဒူးပဆစ်တုတ်ကာ ထိုင်‌နေ‌သော လူသုံး‌ယောက်ကို မသဲကွဲစွာ ‌တွေ ့မြင်ရမည် ဖြစ်သည်။ အ‌မှောင်ထုက အုပ်စိုး‌နေ‌သော်လဲ ထိုသူတို ့၏ မျက်နှာတွင် ရှိ‌သော စိုးရိမ်စိတ်များကို ခက်ခက်ခဲခဲ ပုံ‌ဖော်စရာ မလိုပဲ သဲကွဲစွာ ‌တွေ ့မြင်‌နေသည်။ ဘယ်သူ‌တွေနည်း? GMmando အုပ်စုမှ လူစုကွဲကာ ကျန်‌နေခဲ့‌သော GMmando Shingwangwi ၊ GMmando Nagual နဲ့ ဆာစ်ထက်နိုင် တို့ဟု ဘယ်သူမှ မ‌ပြောပဲ သင်တို့ သိနိုင်မည် ဖြစ်သည်။

“‌ဆေးလိပ် ပါလား ဂွိ”

တိတ်ဆိတ်‌နေ‌သော ပတ်ဝန်းကျင် ကို ဆာစ်ထက်နိုင်သည် စတင်ဖြိုခွင်းလိုက်သည်။ GMmando Shingwangwi သည် ‌ဘောင်းဘီ အိတ်ကပ်ထဲ သို ့စမ်းကြည့်ကာ ညကကျန်‌သော Ruby တစ်လိပ်ကို ဆာစ်ထက်နိုင်သို့‌ပေးလိုက်သည်။ ဆာစ်ထက်နိုင်သည် တုန်ရင်‌နေ‌သော လက်ဖြင့် ယူကာ ပါစပ်သို့တေ့လိုက်သည်။ နှုတ်ခမ်းများလဲ တုန်ခါ‌နေ‌သော‌ကြောင့် ‌ဆေးလိပ် ပြန်လွတ်ကျသွားသည်ကို မနည်းပြန်လိုက် ဖမ်း‌နေရပြန်သည်။

Continue reading

FaceYourManga

Online သူံးဖူးတဲ့ လူတော်တော်များများလည်းသိမှာပါ . မသိတဲ့သူလည်းမသိပါဘူး ( ရှင်းတယ်နော်.. ခွိ ) .. FaceYourManga ဆိုတဲ့ Site လေးပါ. ကိုယ်နှစ်သက်တဲ့ပုံအတိုင်း ကိုယ့် Manga ပုံလေးကို ဖန်တီးလို့ရမယ့် Site လေးပါ. Flash နဲ့ အသုံးပြုထားတဲ့ Site လေးဆိုတော့ Flash Player သွင်းထားဖို့တော့ လိုမှာပေါ့နော်. FaceYourManga Site က ပြန်ရတာမကြာသေးပါဘူး .. အရင်တုန်းက Site ကိုပြန်ပြင်နေတဲ့အတွက် Temporary Closed လုပ်ထားတာ လနဲ့ချီကြာပါတယ်.. ခုတော့ပြန်ရသွားပါပြီ. အဲ့တော့ ကိုယ့်ပုံကို ကိုယ့်ဘာသာကိုယ် ပြုပြင်လိုက်ကြရအောင်နော်.. ခွိခွိ

FaceYourManga

သူနဲ့ ကျွန်‌တော်

အ‌ရှေ့မျက်နှာချင်းဆိုင်တူရူအရပ်မှာ ကျွန်‌တော်ကြိုက်‌နေတဲ့ ‌ကောင်မ‌လေး လမ်း‌လျှောက်လာတာကို တမင်သက်သက်ကြီးကို‌တွေ့လိုက်ရတယ်။ ကျွန်‌တော်ကို‌တွေ့‌သောအခါရှက်ကိုးရှက်ကန်း ဖြစ်မ‌နေတဲ့ သူ့ကို ချွဲချွဲနွဲ့နွဲ့နဲ့ လှမ်းနှုတ်ဆက်လိုက်တယ် ။

ကျွန်‌တော်။ ။ အရူးကြီိး။ ဟီး ဟီး ။

သူ။ ။ ‌သေလိုက်ပါလား။

ကျွန်‌တော်။ ။ ‌တော်ပါဟာ၊

သူ။ ။ ဘာ‌တွေ‌ပြော‌နေတာလဲ

ကျွန်‌တော်။ ။ မသိဘူး‌လေ

သူ။ ။ ဟာ ကွာ။

ကျွန်‌တော်။ ။ ‌သေ‌တော့မှာပဲ

သူ။ ။ ဘာလဲဟ ပလိန်းကြီး ?

ကျွန်‌တော်။ ။ မ‌ကြောက်ပါနဲ့

သူ။ ။ ‌ဝေး‌သေး

ကျွန်‌တော်။ ။ ဟ ဟ ‌စေတန်ဂြိုဟ်သား အလကား

သူ။ ။ ရူးများ‌နေလား

ကျွန်‌တော်။ ။ အဲဒါ နင်

သူ။ ။ ဟုတ်လား

ကျွန်‌တော်။ ။ ဟုတ်တယ်

သူ။ ။ မထင်

ကျွန်‌တော်။ ။ တကယ်

သူ။ ။ ဘာ

ကျွန်‌တော်။ ။ တစ်‌နေကုန်ပဲ

သူ။ ။ ဘာတုန်း

ကျွန်‌တော်။ ။ လင်း‌နေတာ‌လေ ညဆိုရင်‌မှောင်တယ်

သူ။ ။ နင်‌ပြောမှလား

ကျွန်‌တော်။ ။ အင်း

သူ။ ။ ခက်ပါလား

ကျွန်‌တော်။ ။ မလွယ်ဘူး‌ပေါ့

သူ။ ။ ကဲ

ကျွန်‌တော်။ ။ ‌ပြော

သူ။ ။ ဘာ ရန်စ‌နေတာလား

ကျွန်‌တော်။ ။ ဟုတ်……..ဘူး

သူ။ ။ ဒါဆို

ကျွန်‌တော်။ ။ ရန်ဆုံး‌နေတာ

သူ။ ။ အိုး….

ကျွန်‌တော်။ ။ ပန်းကန် ခွက်‌ယောက်

သူ။ ။ နင်‌ရောင်းတာလား

ကျွန်‌တော်။ ။ဟင့်အင်း နင်များ‌ရောင်းလားလို့

သူ။ ။‌သေလိုက်

ကျွန်‌တော်။ ။ ဦးစား‌ပေးပါတယ်

သူ။ ။ ‌တော်သင့်ပြီ

ကျွန်‌တော်။ ။ ‌တော်သင့်ညံ့ မဟုတ်ဘူးလား

သူ။ ။ ဟင်း

ကျွန်‌တော်။ ။ ထမင်း

သူ။ ။လူသတ်ချင်လာပြီ‌နော်

ကျွန်‌တော်။ ။လူ‌မွေးချင်လာပြီ‌နော်

Continue reading