ဒီရက်ပိုင်း အလုပ်ကိစ္စတွေနဲ့မို့ Blog တောင်သေချာမရေးဖြစ်တော့ဘူး။ ကြားထဲ Ubuntu ကလည်း Remastersys ကိစ္စနဲ့ တိုင်ပတ်နေသေးတယ်။ Remastersys ဆိုတာဘာလဲဆိုတော့ ကျွန်တော်တို့ Ubuntu အတွက် မရှိမဖြစ်လိုအပ်တဲ့ Package လို့ပြောလို့ရတယ်။ Full system backup တွေလုပ်လို့ရတယ် … ကျွန်တော်ရဲ့ Ubuntu ပုံစံအတိုင်း သူငယ်ချင်းကို သွင်းပေးလို့ ရတယ်။ Ubuntu ကို ကိုယ်ထဲ့မှာ ရှိတဲ့ Software တွေနဲ့အတူ live cd/dvd ပြန်ထုတ်ပြီး Ubuntu တင်ပေးတာပေါ့။ ဆိုလိုချင်တာက ကျွန်တော်တို့ Ubuntu တွေသွင်းရင် Simple Raw ပဲပါလာတယ်။ Ubuntu Restricted Extras တွေလိုမျိုး Sound အတွက်လိုအပ်တာတွေက နောက်မှ သတ်သတ် internet က ဖြစ်ဖြစ် သွင်းရတယ်။ Remastersys ကိုသုံးတဲ့အတွက် ကျွန်တော်တို့ ထုတ်ပေးလိုက်တဲ့ livecd ကိုသုံးပြီး သွင်းရုံနဲ့ ကျွန်တော်တို့ စက်ထဲမှာ သွင်းပြီးသား Packages တွေ၊ Settings တွေအတိုင်း ပြန်သုံးလို့ရမယ်။
Remastersys မှာတော့ Ubuntu အတွက် သွင်းလို့ရတဲ့နည်းတွေကို သေသေချာချာရေးပြထားတယ်။ ကျွန်တော်ကတော့ ကိုယ့်နည်းလမ်းကို နားလည်လွယ်အောင် အောက်ကအတိုင်း ပြန်ရှင်းထားတယ်။
အရင်ဆုံး ကျွန်တော်တို့အနေနဲ့ root အနေနဲ့သုံးဖို့လိုအပ်မယ်။ Terminal ဖွင့်ထားပါ -
sudo su
ပြီးရင် remastersys ကနေပြီးတော့ key value ကို ထည့်ပါမယ် -
wget -O - http://www.remastersys.com/ubuntu/remastersys.gpg.key | apt-key add -
Update လုပ်ဖို့အတွက် software list မှာ ပြင်ရမယ် -
sudo gedit /etc/apt/sources.list
ပြီးရင် အောက်က Code ကို အောက်ဆုံးမှာ ကူးထည့်လိုက် -
#Remastersys Precise
deb http://www.remastersys.com/ubuntu precise main
ပြီးရင်တော့ ထုံးစံအတိုင်း update လုပ်၊ ပြီးရင် သွင်းလိုက်ရုံပဲ။
GUI အနေနဲ့ကတော့ Remastersys ကို ဒီလိုတွေ့ရလိမ့်မယ်။ သုံးလို့ရပြီပေါ့။

sudo apt-get update && sudo apt-get install remastersys remastersys-gui
အပေါ်မှာ ပြောခဲ့သလို Backup အတွက်ကတော့ တော်တော်လေးအသုံးဝင်တယ်။ အကယ်၍ ကိုယ့် Ubuntu တစ်ခုခုဖြစ်သွားရင် တစ်ခုလုံး ဖြုတ်ချပြီး အသစ်ပြန်သွင်းဖို့တောင် ဝန်မလေးတော့ဘူး။ 12.04 LTS အတွက်တော့ ကျွန်တော် လုပ်ထားလိုက်ပြီ။ ကျွန်တော်တို့လို Lamp-Server တွေသုံးတဲ့သူတွေအတွက်ကတော့ တစ်ယောက်သွင်းထားတာနဲ့ အကုန်လုံး ရသလိုပဲ။ LoL
That’s cool . Plz install my pc like ur hp . U can do it . I hope ur feedback!
You wanna try? Then, let’s try it in one weekend.
Now , I’ve got Ubuntu latest version from ubuntu loco version including update & plugin since barcampX . But my dvd drive dosen’t work with this DVD . IF u want to help me , findind external dvd drive for me is the best way .
Yeah! You should better contact with me.