ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်နေ့က ကျွန်တော် အသက် ၂၀ ပြည့်မွေးနေ့ပေါ့။ အစကတော့ ဘာအစီအစဉ်မှ မရှိခဲ့ပါဘူး။ နှစ်တိုင်းလည်း မွေးနေ့ဆိုတာ ကျွန်တော် အထွက်တခြားနေ့တွေလိုပဲ ထူးထူးခြားခြားဆိုတာ မရှိခဲ့ပါဘူး။ အိမ်မှာ အမေနဲ့ Birthday Cake လေးလုပ်တာ လောက်ပဲရှိခဲ့တယ်။ ဒါပေမယ့် ဒီနှစ်တော့ ကျွန်တော်သူငယ်ချင်းတွေ အများကြီးရလာခဲ့တယ်။ အဲ့ဒီအတွက်လည်း Facebook မှာဆိုရင်လည်း Birthday Wish အများကြီးရခဲ့တယ်။ ပျော်တာပေါ့ !
မနှစ်ကနဲ့ ကိုယ့်ကိုယ်ကို ပြန်နှိုင်းယှဉ်ကြည့်ရင် အများကြီး ပြောင်းလဲသွားတာကိုတွေ့ရတယ်။ မနှစ်ကဆိုရင် ကျောင်းပြီးကာစ ( ဘွဲ့ကလည်းမရသေး )၊ ဟိုယောင်ယောင် ဒီယောင်နဲ့။ Game ကိုပဲ ဦးစားပေး ဆော့နေဖြစ်တယ်။ MZ ကိုလည်း အရင်ကထက် ပိုပြီး ဝင်ဖြစ် ဆွေးနွေးဖြစ်လာတယ်။ ကိုသီဟ ( MyanmarTutorials ) ကဖွင့်တဲ့ Myanmar Links မှာ သင်တန်းတက်ဖြစ်ခဲ့ပြီးတော့ HTML, CSS, JavaScript, jQuery, Ajax, PHP အပါအဝင် CMS, Framework တွေကိုလည်း နားလည်လာတယ်။ Self-study လည်း ကိုယ့်ဘာသာကိုယ် လုပ်လာနိုင်သလိုလဲ Ebook တွေကိုလည်း အချိန်ပေး ဖတ်တဲ့အကျင့်ရလာခဲ့တယ်။
World of Warcraft ကို တစ်နှစ်ကျော် နှစ်နှစ် နီးပါးဆော့ပြီးတဲ့အခါမှာတော့ In-Game မှာကော အပြင်မှာပါ သူငယ်ချင်းတွေအများကြီး ရလာခဲ့တယ်။ Crick (MiniCrick), HolyMama (MiniPriest), Smooth (ကိုရန်လေး), Leoangelar (အကောင့်တွေလျှောက်ပြောင်းနေသူကြီး), Lyrics (သူလည်းတူတူပါပဲ), Pici, မသေးမျှင်, ရှင်ဂွမ်းဂွိ (ကိုဝေယံ), ကို TG, အပါအဝင် အများကြီးရခဲ့ပါတယ်။ Forum မှာဆိုရင်လည်း အများကြီးပါပဲ။ Game Master ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ တခြား Player တွေနဲ့ကော Game Master တွေနဲ့လည်း သိခဲ့ရတယ်၊ ခင်ရတယ်။ Game Master စစဖြစ်တုန်းက တစ်လုံးမကျန် သင်ပေးခဲ့တဲ့ ဂွိ (ကိုဝေယံ) ကိုတော့ အခုထိကျေးဇူးတင်နေသေးတယ်။ GM Team ထဲက သူထွက်သွားတာကိုတော့ စိတ်မကောင်းမိဘူး။ ဖြစ်နိုင်ရင်တော့ ပြန်လာစေချင်တယ်။ Vakok မှာ ဆော့ရတာ၊ GM အနေနဲ့ Player တွေကို ကူညီရတာ ကျွန်တောပျော်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ခါကျ စေတနာနဲ့ လုပ်ပေးခဲ့ရင်း ဝေဒနာပဲ ပြန်ရတာတွေအတွက်ကတော့ ကျွန်တော်လည်း စိတ်မကောင်းမိပါဘူး။ Vakok Online Donation Group နဲ့အတူတူ လှူခဲ့ရတာလည်း ပျော်ရပါတယ်။
ဒီနှစ်ထဲမှာပဲ Kami တို့သူငယ်ချင်းတစ်သိုက်နဲ့ ပေါင်းပြီး MMOtaku.net ဆိုပြီး Anime Website လေးတစ်ခုလုပ်ဖြစ်ခဲ့တယ်။ အစကတော့ အကြီးကြီး စဉ်းစားထားကြတယ်။ ကိုယ်ပိုင် File Server ထားပြီးတော့ Anime Download ဆွဲလို့ရဖို့အထိပါ စဉ်းစားထားခဲ့ကြတယ်။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကြောင့် ရိုးရိုးတန်းတန်း WordPress Based နဲ့ပဲလုပ်ဖြစ်ခဲ့တယ်။ အဲ့ဒီ Site လေးလုပ်ဖြစ်ခဲ့တဲ့အတွက်ပဲ Otaku အများစု စုစည်းဖြစ်သွားကြပြီး Anime Give/Share တွေလုပ်ဖြစ်လာကြတယ်။ ကျွန်တော်ဆိုရင်လည်း Myanmar Otaku, YGN Otaku Organization တို့မှာ active ဖြစ်လာခဲ့တယ်။ မမီမီ, မိုးသုတ, Shiro Sora, Hong Xing တို့အပါအဝင် တခြား သူငယ်ချင်းအများစုလည်း ရလာတယ်။ ပျော်ဖို့ကောင်းလာတာပေါ့။ Anime တွေ ပိုကြည့်လာဖြစ်တာနဲ့အမျှ ကျွန်တော့် Blog ကလည်း တစ်ဖြည်းဖြည်းနဲ့ Post တွေနည်းလာခဲ့တယ်။ ( အားလုံးလည်း သတိထားမိမှာပါ )။ နည်းပညာနဲ့ ပတ်သတ်တဲ့ Tutorials အများစုကိုတော့ မြန်မာကျူတိုရီယယ်မှာ သွားသွားရေးဖြစ်နေတော့ ဒီမှာ ဘာမှကို မလုပ်ဖြစ်တော့တာ။ Anime ကတော့ ပိုဆိုးပေါ့။ MMOtaku မှာပဲ တင်ဖြစ်နေတယ်။ ဒီနှစ်မွေးနေ့မှာ လက်ဆောင်ရတာဆိုလို့ မေမေရယ်၊ ဆုမြတ် ရယ် နှစ်ယောက်ပဲရှိတယ် ( ဝါးတီး သမားတွေများတယ် XD )။ ဒါပေမယ့် Birthday Wish နဲ့တင်လုံလောက်ပါတယ်။ သြော်… ကိုယ့်ကို ဒီလောက် အလေးထားတဲ့ Friend တွေဒီလောက်များမှန်း အခုမှ သိတော့တယ်။
သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ် လို့ !!! ^^
အားလုံးနီးပါး အကြောင်းပါပြီး Nakama တွေအကြောင်းတစ်စိမှတောင်မပါပါလား …
Nakama တွေအကြောင်းကို ပြောစရာကို မလိုတာလေ . . . စိတ်ထဲမှာရှိပြီးသားပါ။ xD
myanmar links ကဘယ်မှာရှိလဲမသိဘူး
စံရိပ်ငြိမ် ၄ လမ်းဘေး ရွှင်ရီစားသောက်ဆိုင်တိုက်အပေါ်လေးလွှာပဲဗျ။ တိုက်နံပါတ်တော့ မသိဘူး။ MyanmarLinks ဆိုတဲ့ ဆိုင်းဘုတ်တော့ရှိတယ်။
http://www.myanmarlinks.net