ရွှေမန်း

ရွှေမန်းတဲ့ ငနဲ

မည်းမည်းမြင် မှတ်တမ်းတင်

အကွက်ဝင် ဓာတ်ပုံရိုက်

Facebook ပေါ်တင်

လုပ်ဇာတ်ထွင် အကွက်ဆန်းတွေမို့

‘ဝ’ မရှိ ‘ဝိ’ လုပ်တတ်ပါဘိ

လူတကာ သူ့ကြောက်လှပါ၏

အညှာကိုင် ချစ်တီးရယ်ပမာ

ဆိုးပါ၏ အချစ်ပုံပြင်

ဖြစ်ကုန်အင် ချောကလက်ဂျယ်လီ

ဘယ်ဆီမှာ အဖြေရှာ

သေချာပါ၏ သူ့ဗိုက်ထဲ

စကားကြွယ် တတ်သိလှပါဘိ

အပြောရယ် တင်မောင်အရှုံးပေးလောက်ပါ၏

ပြောစမှတ်တင် လူထင်ကြီးပါပြီ

လေလုံးများနှင့် ကိုင်ပေါက်သူ

ကြွက်တွင်းရယ်ပမာ

ဗူဘောင်းနှယ် ဗိုက်လေးဆစ်ရယ်နှင့်

ဆေးပြင်းလိပ်ခဲကာ သူရီသည်

ဗိုက်ပုတ်သည့် ဘဲ …